【ビルマ語】じゅうみん とうろく に かんする とどけで

更新日:2024年04月12日

သန်းကောင်စာရင်း သွင်းခြင်းနှင့် ပါတ်သက်၍

ဤမြို့သို့ ပြောင်းရွှေ့လာခြင်း၊ ပြောင်းရွှေ့သွားခြင်းနှင့် မိသားစုဖွဲ့စည်းပုံတစ်စုံတစ်ခု ပြောင်းလဲသည့်အခါ လက်ခံပြုလုပ်ရာဌာန (Resident Affairs Division ရှိမင်း ဆေးကတ္ဆုက၊ ဆုကိ ရုံးခွဲ Resident Affairs Division ရှိမင်း ဆေးကတ္ဆုက၊နော်ဂျီရိ Resident Affairs Division ရှိမင်း ဆေးကတ္ဆုက၊ ရုံးခွဲ Resident Affairs Division ရှိမင်း ဆေးကတ္ဆုက၊ကာမိယရုံးခွဲ) သို့ သတ်မှတ်ထားသော နေ့ရက်အထိ လျှောက်လွှာတင်ပြရပါမည်။

လျှောက်လွှာတင်ချိန်တွင် စားရင်းလက်ခံကောင်တာမှ သက်သေခံ လက်မှတ်စစ်ဆေးမှု့များပြုလုပ်ပါမည်။

ဂျပန်အစိုးရမှ ထုပ်ပေးထားသော ဓါတ်ပုံပါ (my number card, ကားမောင်းလိုင်စဉ်၊ နိုင်ငံကူးလက်မှတ်၊ ဇိုင်းယူးကဒ်များနှင့် အထူးရာသက်ပန်နေထိုင်ခွင့်ပြုထားသော လက်မှတ်) သို့မဟုတ် ကျန်းမာရေး အာမခံ ကဒ်ပြားကို ယူဆောင်လာစေလိုပါသည်။

လိပ်စာပြောင်း လျှောက်လွှာ(မြို့တွင်းသို့အိမ်ပြောင်းရွှေ့လာခြင်း)

မည်သည့်အချိန်အတွင်း လျှောက်ရမည်နည်း

ကိုဘာယာရှိမြို့သို့ ဝင်ရောက်လာပြီး ၁၄ရက်အတွင်း

မည်သူက လျှောက်လွှာတင်ရမည်နည်း

  • နိုင်ငံခြားသားဖြစ်ပါက အခြေခံမူအားဖြင့် ကာယကံရှင်
  • -ကာယကံရှင် သို့မဟုတ် အိမ်ထောင်ဦးစီး
  • -ကာယကံရှင် သို့မဟုတ် အိမ်ထောင်ဦးစီးမှ ကိုယ်စားလှည် လွှဲအပ်ခြင်း ခံထားရသူ

လျှောက်လွှာတင်ချိန်တွင် လိုအပ်သော အရာများ

၁. လိပ်စာပြောင်း သက်သေခံစာရွက် ( ယ္ခင် နေထိုင်ရာ နေရာမှ ထုတ်ပေးရန် တောင်းဆိုပါ)

၂. ကိုယ်စားလှယ်က လာရောက်ပါက ကိုယ်စားလှယ် လွှဲစာကို ယူဆောင်လာရပါမည်။

သတိထားရန် အချက်များ

  • လိပ်စာပြောင်း သက်သေခံစာရွက် ပျောက်ဆုံးသွားပါက ယ္ခင် နေထိုင်ရာ နေရာမှ ပြန်လည် ထုတ်ပေးပါရန် တောင်းဆိုပါ)
  • my number cardသို့မဟုတ် အုပ်ချုပ်ရေးမှူရုံးမှထုတ်ပေးထားသော အိုင်စီပါကဒ်ပြားများ ရှိပါက ယူလာပေးစေလိုပါသည်။
  • (လိပ်စာပြောင်းသော နေရာရှိ အုပ်ချုပ်ရေမှုးရုံးတွင် ဤ ကဒ်ပြားများကို အသုံးချပြီး ပြုလုပ်ထားပါက အိမ်ပြောင်းသက်သေခံ စာရွက် မလိုအပ်ပဲ ဆက်လက်လုပ်ကိုင်နိုင်ပါသည်)
  • နိုင်ငံခြားမှ ပြောင်းလာသူဖြစ်ပါက နိုင်ငံကူး လက်မှတ်ကို ယူဆောင်လာပေးစေလိုပါသည် ။

အိမ်ပြောင်းခြင်း လျှောက်ထားလွှာ (မြို့မှ ပြောင်းရွှေ့သွားခြင်း)

မည်သည့်အချိန်အတွင်း လျှောက်ရမည်နည်း

လိပ်စာအသစ်သို့ မပြောင်းရွှေ့မီ၊ ကိုဘာယာရှိမြို့တွင် အိမ်ပြောင်း လျှောက်ထားခြင်းများကို လုပ်ကိုင်ပါ။

မပြောင်းရွှေ့မီ ၁ လ ကြိုတင်၍ ပြုလုပ်နိုင်ပေသည်။

my number cardသို့မဟုတ် အုပ်ချုပ်ရေးမှူရုံးမှထုတ်ပေးထားသော အိုင်စီပါကဒ်ပြားများ ရှိပါက လက်ခံကောင်တာအပြင် စာတိုက်မှနေ၍လည်း ပေးပို့ လျှောက်ထားနိုင်ပါသည်။

မည်သူက လျှောက်လွှာတင်ရမည်နည်း

  • နိုင်ငံခြားသားဖြစ်ပါက အခြေခံမူအားဖြင့် ကာယကံရှင်
  • -ကာယကံရှင် သို့မဟုတ် အိမ်ထောင်ဦးစီး
  • -ကာယကံရှင် သို့မဟုတ် အိမ်ထောင်ဦးစီးမှ ကိုယ်စားလှည် လွှဲအပ်ခြင်း ခံထားရသူ

လျှောက်လွှာတင်ချိန်တွင် လိုအပ်သော အရာများ

၁. ကိုယ်စားလှယ်မှ လျှောက်လွှာတင်သည့်အခါ လိပ်စာပြောင်းသူ ကာယကံရှင်၏ ကိုယ်စားလှယ်လွှာစာ လိုအပ်ပါသည်။

 

သတိထားရန် အချက်များ

  • နေရပ်ပြောင်းသွားသောအခါ လက်မှတ်တဆိပ်တုံး မှတ်ပုံတင်၊ အမျိုးသား ကျန်းမာရေး အာမခံကပ်ပြား၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး အာမခံ ကပ်ပြားများကို ပြန်လည် အပ်နှံသွားရပါမည်။

အိမ်ပြောင်းခြင်း လျှောက်ထားလွှာ (မြို့တွင်း ပြောင်းရွှေ့ခြင်း)

မည်သည့်အချိန်အတွင်း လျှောက်ရမည်နည်း

လိပ်စာပြောင်းပြီး ၁၄ရက်အတွင်း

မည်သူက လျှောက်လွှာတင်ရမည်နည်း

  • နိုင်ငံခြားသားဖြစ်ပါက အခြေခံမူအားဖြင့် ကာယကံရှင်
  • -ကာယကံရှင် သို့မဟုတ် အိမ်ထောင်ဦးစီး
  • -ကာယကံရှင် သို့မဟုတ် အိမ်ထောင်ဦးစီးမှ ကိုယ်စားလှည် လွှဲအပ်ခြင်း ခံထားရသူ

လျှောက်လွှာတင်ချိန်တွင် လိုအပ်သော အရာများ

၁. ကိုယ်စားလှယ်မှ လျှောက်လွှာတင်သည့်အခါ လိပ်စာပြောင်းသူ ကာယကံရှင်၏ ကိုယ်စားလှယ်လွှာစာ လိုအပ်ပါသည်။

 

သတိထားရန် အချက်များ

  • လျှောက်လွှာတင်သည့်အခါ my number cardသို့မဟုတ် အုပ်ချုပ်ရေးမှူရုံးမှထုတ်ပေးထားသော အိုင်စီပါကဒ်ပြား၊  သက်ကြီးပင်ဆင်စာအုပ်၊ မသန်မစွမ်းသူဆေးမှတ်တမ်းစာအုပ်၊ကျန်းမာရေးအာမခံလက်မှတ်စသည်များကို ယူဆောင်လာခဲ့ပါ။。

အိမ်ထောင်စု ပုံစံပြောင်းခဲခြင်း လျှောက်ထားလွှာ(အိမ်ထောင်ဦးစီး ပြောင်းခြင်း၊ အိမ်ထောင်စုခွဲခြင်း၊ အိမ်ထောင်စု ပေါင်းစည်းခြင်း)

မည်သည့်အချိန်အတွင်း လျှောက်ရမည်နည်း?

ပြောင်းလဲမှုပြီးနောက်  ၁၄ရက်အတွင်း

မည်သူက လျှောက်လွှာတင်ရမည်နည်း

  • နိုင်ငံခြားသားဖြစ်ပါက အခြေခံမူအားဖြင့် ကာယကံရှင်
  • -ကာယကံရှင် သို့မဟုတ် အိမ်ထောင်ဦးစီး
  • -ကာယကံရှင် သို့မဟုတ် အိမ်ထောင်ဦးစီးမှ ကိုယ်စားလှည် လွှဲအပ်ခြင်း ခံထားရသူ

လျှောက်လွှာတင်ချိန်တွင် လိုအပ်သော အရာများ

၁. ကိုယ်စားလှယ်မှ လျှောက်လွှာတင်သည့်အခါ ပြောင်းလဲသူ ကာယကံရှင်၏ ကိုယ်စားလှယ်လွှာစာ လိုအပ်ပါသည်။

၂. ကျန်းမာရေး အာမာခံကဒ်ပြား

၃ သက်ကြီးရွယ်အို ဆေးကုသခံယူခွင့် သက်သေခံ ကဒ်ပြား

この記事に関するお問い合わせ先

総合政策部 地方創生課

〒886-8501
宮崎県小林市細野300番地 小林市役所 本館3階

電話番号:0984-23-1148
ファックス:0984-23-6650
お問い合わせはこちら

このページについて、皆さまのご感想をお聞かせください。
このページは見やすかったですか (必須項目)
このページの情報は役に立ちましたか (必須項目)
このページについての要望