【ビルマ語】ぼしけんこうてちょう に ついて
မိခင်နှင့်ရင်သွေးငယ် ကျန်းမာကြံ့ခိုင်ရေးမှတ်တမ်း
မိခင်နှင့်ရင်သွေးငယ် ကျန်းမာကြံ့ခိုင်ရေးမှတ်တမ်း၊ ကိုယ်ဝန်ဆောင် ကျန်းမာကြံ့ခိုင်ရေး ဆေးစစ်မှု ထောက်ပံ့လက်မှတ်၊ နို့စို့ရင်သွေးငယ် ကျန်းမာကြံ့ခိုင်ရေးဇယားကို ပူးတွဲပေးဆောင်ပါမည်။ များမကြာမီ မွေးဖွားလာမည့် ရင်သွေးငယ်အတွက် ကိုယ်ဝန်ဆောင်ကာလ၊ မီးနေမီးဖွားခြင်းနှင့် မွေးဖွားလာသော ရင်သွေးငယ်အတွက် တိုင်ပင်မှုများကို ပြုလုပ်ပေးလျက်ရှိပါသည်။
နေ့ရက်အချိန်
အပါတ်စဥ် တနင်္လာနေ့ (အစိုးရ ရုံးပိတ်ရက် မှ လွဲ၍) မနက် 9 နာရီမှ မနက် 11 နာရီ 30 မိနစ်အထိ
နေရာ
ကိုဘာယာရှိမြို့ ကျန်းမာကြံခိုင်ရေးရုံး
ယူဆောင်လာရမည့် ပစ္စည်း
ကာယကံရှင်က လျှောက်ထားသည့်အခါ
၁၊ ကိုယ်ဝန်ရှိကြောင်းတင်ပြ လျှောက်လွှာ
၂၊ ကိုယ်ဝန်သည် ကာယကံရှင် ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းနံပါတ်
ဂျပန်နိုင်ငံမှ ထုတ်ပေးသော နိုင်ငံသား လက်မှတ်အမှတ်၊ အကြောင်းကြား လက်မှတ်နံပါတ်၊ ကိုယ်ပိုင်နံပါတ် ရေးသား ထားသော အိမ်ထောင်စု ဇယား စသည့်အရာတစ်ခုခု
၃၊ ကိုယ်ဝန်သည် ကာယကံရှင်ဖြစ်ကြောင်း အထောက်အထားပြ စာရွက်စာတမ်း
အများပြည်သူနှင့်ဆိုင်သော ဌာနတစ်ခုခုမှ ဓါတ်ပုံပါသော စာရွက်စာတမ်း(ဂျပန်နိုင်ငံမှ ထုတ်ပေးသော နိုင်ငံသား လက်မှတ်၊ ယာဥ်မောင်းလိုင်စဥ်၊ နိုင်ငံကူး လက်မှတ် စသည်) တစ်ခုခု
အထက်ပါအရာများအတွက် ခက်ခဲမှုရှိပါက ကျန်းမာရေး အာမခံကတ်ပြား၊ သက်ကြီးပင်စင် စာအုပ်စသည့် စာရွက် စာတမ်းများ ၂ ခုအထက် လိုအပ်ပါသည်
ကိုယ်စားလှယ် ဖြစ်ပါက
၁၊ ကိုယ်ဝန်ရှိကြောင်းတင်ပြ လျှောက်လွှာ
၂၊ ကိုယ်ဝန်သည် ကာယကံရှင် ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းနံပါတ်
ဂျပန်နိုင်ငံမှ ထုတ်ပေးသော နိုင်ငံသား လက်မှတ်အမှတ်၊ အကြောင်းကြား လက်မှတ်နံပါတ်၊ ကိုယ်ပိုင်နံပါတ် ရေးသားထားသော အိမ်ထောင်စု ဇယား စသည့်အရာတစ်ခုခု
၃၊ ကိုယ်ဝန်သည် ကာယကံရှင်ဖြစ်ကြောင်း အထောက်အထားပြ စာရွက်စာတမ်း
အများပြည်သူနှင့်ဆိုင်သော ဌာနတစ်ခုခုမှ ဓါတ်ပုံပါသော စာရွက်စာတမ်း(ဂျပန်နိုင်ငံမှ ထုတ်ပေးသော နိုင်ငံသား လက်မှတ်၊ ယာဥ်မောင်းလိုင်စဥ်၊ နိုင်ငံကူး လက်မှတ် စသည်) တစ်ခုခု
အထက်ပါအရာများ ခက်ခဲပြီး မရှိပါက ကျန်းမာရေး အာမခံကတ်ပြား၊ သက်ကြီးပင်စင်စာအုပ်စသည့် စာရွက်စာတမ်းများ ၂ ခုအထက် လိုအပ်ပါသည်
၄၊ ကိုယ်စားလှယ်လွှဲစာ (ကိုယ်ဝန်ဆောင်မှ ကိုယ်စားပုဂ္ဂိုလ်အားလွှဲအပ်သည့်စာ)
လျှောက်လွှာပုံစံ ဒေါင်းလုတ်လုပ်ရန်
ဝန်ထမ်း
ကျန်းမာကြံ့ခိုင်ရေး ပညာရှင်
အခြား
၊ နေထိုင်ရာဒေသတွင် ပေးဆောင်ပါမည်။
၂၊ ကျန်းမာကြံ့ခိုင်ရေး ပညာရှင်က ပန့်ပိုးခြင်း မပြုလုပ်သည့် အခါများ ရှိနိုင်ပါ၍ အချိန်ကာလကို စီစဥ် ပြုလုပ်ပေးပါမည်။ နေ့ရက်အချိန်က အလျင်းမသင့် အဆင်မပြေပါက ကြိုတင် ဆွေးနွေးတိုင်ပင်ပါ။
၃၊ ကိုယ်ဝန်ရှိကြောင်းတင်ပြ လျှောက်လွှာတွင် ကိုယ်ဝန်ရှိသော ရက်သတ္တပတ် အရေအတွက်၊ မွေးဖွားရန် ခန့်မှန်းရက်ကို ဖြည့်စွက်ပေးစေလိုပါသည်။
၄၊ ၂၀၁၆ခု ဇန်နဝါရီလ ၁ရက်နေ့မှ စ၍ မိခင်နှင့်ရင်သွေးငယ် ကျန်းမာကြံ့ခိုင်ရေးမှတ်တမ်းကို ပေးအပ်ရာတွင် ကိုယ်ပိုင်နံပါတ်ကို စစ်ဆေးအတည်ပြုရန် ဥပဒေအရ ပြဌာန်းထားပါသည်။
この記事に関するお問い合わせ先
- このページについて、皆さまのご感想をお聞かせください。
-
更新日:2025年04月16日