【ビルマ語】じしん に そなえよう!

更新日:2024年03月27日

ငလျင်အတွက် ကြိုတင်ပြင်ဆင်ကြပါစို့

မည်မျှ နေသားကျနေသော အိမ်ဖြစ်စေကာမူ ရုတ်တစ်ရက် ရှောင်ထွက်ပြေးသည့်အခါ ရေးကြီးသုတ်ပြာ အမှားအယွင်းများှိတတ်ပေသည်။ မိမိအိမ်တွင်း မည်သည့်နေရာတွင်မဆို လုံခြုံစိတ်ချရသော နေရာရှိထားပြီး၊ အရေးပေါ်အချိန်တွင် မည်ကဲ့သို့ ရှောင်တိမ်းရမည်၊ ငလျင်လှုပ်လျှင် မည်ကဲ့သို့ လုပ်ရမည်ဟု ကြိုတင် ပြင်ဆင်ထားသင့်ပေသည်။

ငလျှင်ပြင်းထန်နှုံး နှင့် Magnitude (မဂ္ဂနစ်ယူနစ်)

ငလျှင်ပြင်းထန်နှုံးသည် ငလျင်လှုပ်လျှားမှု (လှုပ်ရမ်းမှုအား) ပမာဏကို ဖေါ်ပြပြီး လှုပ်ရမ်းမှု တိုင်းထွာကရိယာဖြင့် တိုင်းသည်

震度と揺れの感じ方の対応表

ငလျင်ပြင်းထန်နုုန်းနှင့် လှုပ်ရမ်းမှုကို ခံစားဖေါ်ပြသော ဇယား

ငလျင်

ပြင်းထန်

နှုံး

လူ

အခန်းတွင်း အခြေအနေ

အခန်းပြင်ပ အခြေအနေ

0

လှုပ်ရမ်းမှုကို မသိနိုင်ပါ

 

 

1

အခန်းအတွင်းရှိ လူတစ်ချို့

အနည်းငယ် ခံစားနိုင်သည်

 

 

2

အခန်းအတွင်းရှိ လူအတော်များများ

ခံစားနိုင်သည်။ အိပ်ပျော်နေသူ တစ်ချို့ နိုးသွားနိုင်သည်။

မီးသီးစသော တွဲလွဲဆွဲထားသော ကြိုးများ လှုပ်ရမ်းသွားနိုင်သည်။

 

3

အခန်းအတွင်းရှိ လူအားလုံးနီးပါး

လှုပ်ရမ်းမှုကို သိရှိပြီး၊ ထိပ်လန့်သူ

တစ်ချို့လည်းရှိသည်။

စဥ်ပေါ်ရှိ ပုဂံခွက်ယောက်များက အသံထွက်တတ်ပေသည်။

 

4

လွန်စွာကြောက်ရွံ့ခံစားရသည်။ အိပ်ပျော်နေသူ တော်တော်များက လန့်နိုးနိုင်ပါသည်။

တွဲလွဲကျနေသော အရာများက ပြင်းထန်စွာ လှုပ်လျှားပြီး ပုဂံခွက်ယောက်များက အသံထွက်ကာ တင်ထားသော ပစ္စည်းများ လဲကျတတ်သည်။

ဓါတ်ကြိုးများ ပြင်းထန်စွာ လှုပ်

ရမ်းသည်။ လမ်းလျှောက်သူများ

လှုပ်ရမ်း သည်ကိုခံစားရသည်။

ကားလက်ကိုင်ခွေ တုန်ခါမှုကို

ခံစားရသည်။

5ပျော့

လူအတော်များများကို မိမိကိုယ်ကိုကာကွယ်ရန်ပြုလုပ်ကြသည်

တွဲလွဲကျနေသော အရာများက ပြင်းထန်စွာ လှုပ်လျှားပြီး ပုဂံခွက်ယောက်များနှင့် စာအုပ်များ စဥ်ပေါ်မှ ပြုတ်ကျသည်

ပြုတင်းပေါက်မှန်များ ကျကွဲခြင်း၊ဓါတ်တိုင်များ လှုပ်ရမ်းပြီး

အုပ်နံရံများ ပြိုကျသည်

5ပြင်း

အလွန်တစ်ရာမှ ကြောက်လန့်ကြပါသည်။ လူအမြားအပြားသည် လှုပ်လျှားရန် ခက်ခဲမှုများ ခံစားရပါသည်

တီဗွီက ပြုတ်ကျခြင်း၊

ဘီဒိုများ လဲကျခြင်း ဖြစ်သည်။

အလိုအလျှောက် အရောင်းစက်များ ၊ အုပ်ဂူကျောက်တိုင်များ ပြိုကျသည်။

ကားမောင်းရန် ခက်ခဲလေသည်။

6ပျော့

မတ်တပ်ရပ်နေရန် ခက်ခဲနေပါသည်။

အသေမတွဲထားသော လေးလံသော အိမ်ထောင်ပစ္စည်းများ ရွေ့/လဲကျလေသည်။

အိမ်အတော်များများ၏ နံရံများ၊ကြွေပြားများ၊ မှန်များ ပြုတ်ကျကွဲသည်။

6ပြင်း

မတ်တပ်ရပ်၍ မရတော့ပဲ

လေးဘက်ထောက် သွားရပါသည်။

အသေမတွဲထားသော လေးလံသော အိမ်ထောင်ပစ္စည်းများ အားလုံးနီးပါး ရွေ့/လဲကျသည်။ တံခါးများ ပြုတ်လွင့်ထွက်၏။

ခိုင်မာတောင့်တင်းအောင် မပြုလုပ်ထားသော အုပ်ခြံစီးရိုးများ ပြိုလဲကျသည်။

7

လှုပ်ရမ်းလွန်းသဖြင့် မိမိသွားလိုရာကို မလှုပ်လျှား မသွားနိုင်ခြင်း

များစွာသော အိမ်ထောင် ပစ္စည်းများ ရွေ့/လဲကျ/ထွက်ကျသည်များလည်း ရှိသည်

ခိုင်မာတောင့်တင်းအောင် ပြုလုပ်ထားသော အုပ်ခြံစီးရိုးများလည်း ပြိုလဲကျသည်။

သာမာန် ပုံမှန်နေများမှစ၍ တတ်နိုင်သမျှ အန္တရာယ်ကင်းစေရန် ပြုလုပ်ခြင်း

  • စဥ်များကို Lစာလုံးပုံစံ တွဲ၍ အသေခိုင်မာအောင် လုပ်ခြင်း၊  ပြုတင်းပေါက်မှန်များတွင် မှန်ကွဲပြီး မလွင့်စဥ်နိုင်သော ကော်တိတ်ပြားများကပ်ခြင်း။
  • လေးလံသောပစ္စည်း၊ ကွဲတတ်သောပစ္စည်းများအား အမြင့်တွင် မထားရ
  • တီဗွီနှင့် ပန်းအလှအိုးများကို အမြင့်တွ၍် မထားရ။ မှန်ဓါတ်ဘောင်များပြုတ်မကျစေရန် အသေတွဲပါ။
  • မီးဆိုင်းများကဲ့သို့ တွဲလောင်းကျနေသော အရာများကို ပြုတ်မကျစေရန် ချိမ်းကိုတွဲမည်။
  • အိပ်ခန်းအတွင်းတွင် အိမ်ထောင်ပစ္စည်းများပြုတ်လဲကျသော်လည်း
  • ဒဏ်ယာမရရှိစေရန် အိမ်ထောင်ပစ္စည်းနှင့် အိပ်ယာအနေအထားကို သတိပြု၍ ထားသိုသင့်ပေသည်။
  • ဘေးကင်းစွာ ရှောင်ထွက်ပြေးနိုင်ရန် ဝင်ထွက်ပေါက်များတွင် ပစ္စည်းများ မထားရပါ။
  • မိသားစုအတွင်း ဆက်သွယ်ရန်နှင့် တိမ်းရှောင်နေရာများကို ကြိုတင် တိုင်ပင်ဆုံးဖြတ်ထားသင့်ပေသည်။

ငလျင်လှုပ်သည့်အခါ ပြလုပ်သင့်သော လှုပ်လျှားမှုများ

ငလျင်ကြီးများ လှုပ်ပြီးနောက် ပြုလုပ်သင့်သော အရာများက အချိန်ကိုလိုက်၍ ပြောင်းလဲလေသည်။ အ‌ြေခအနေကိုလိုက်၍လုပ်ဆောင်သင့်သော အရာများကို သိရှိအောင် သတိပြုကြပါစို့။

ငလျင်. ငလျင်!〈ပထမဆုံး စတင်လှုပ်သည် 1မိနစ်ခန့်〉စိတ်အေးအေးထားပါ!ကိုယ်ကို ဒဏ်ယာမရအောင် သတိထား!မီးကိုငြိမ်း!

 မိနစ်မှ 2 မိနစ် လှုပ်ရမ်းမှု ငြိမ်သက်သွားသည်

စိတ်နှလုံးသွင်းထားရန် 1
  • မီးဖိုနှင့် မီးသုံးနေရာများကို သတိပြု စစ်ဆေးခြင်း!(မီးလောင်နေစေကာမူ  စိတ်အေးအေးထား၍ မီးသတ်ပါ)
  • မိသားစုက ဘေးကင်းပါသလား!
  • ဆုနာမဖြစ်နိုင်ချေရှိပါက ချက်ခြင်းရှောင်းတိမ်းပါ
  • ဖိနပ်စီးပါ!(အိမ်အတွင်း၌လည်း အန္တရာယ်ရှိနိုင်သော ပစ္စည်းများ အများအပြားရှိပါသည်)

3မိနစ်အားလုံး ဘေးကင်ရဲ့လား? အနီးအနားတွင် မီးလောင်နေပါသလား?

စိတ်နှလုံးသွင်းထားရန် 2
  • အနီးပါတ်ဝန်းကျင်ကိုကူညီကြပါစို့!
  • ပျောက်ဆုံးနေသူများ ရှိပါသလား?
  • ဒဏ်ယာရှိသူများ ရှိပါသလား?
  • လျှပ်စစ်ဓါတ်လိုက်ခြင်း・ဂတ်စ်ယို့စိမ့်ခြင်းများ သတိပြုပါ!
  • အပိုဆောင်း ထပ်မံလှုပ်သော ငလျင်ကို သတိပြုပါ!

5မိနစ် ရေဒီယို ဖွင့်ပါ!ဖုန်းကို တတ်နိုင်သမျှ မသုံးပါနဲ့!

စိတ်နှလုံးသွင်းထားရန် 3
  • ကျေးရွာမြို့နယ်နှင့် မီးသတ်အဖွဲ့အစည်းများ၏ သတင်းအချက်အလက်များကို စစ်ဆေးပါ
  • ကောလဟာများကို ဂရုမစိုက်ပါနဲ့
  • ကားဖြင့် မရှောင်တိမ်းပါနဲ့!
  • အုပ်ခြံစည်းရိုး၊ ပြိုကျပျက်စီးနေသော အမှိုက်သရိုက်ကို သတိပြုပါ!

10 မိနစ်မှနာရီအနည်းငယ်အတွင်း

  • ပူးပေါင်း၍ မီးသတ်ကြပါစို့
  • ပူးပေါင်း၍ ကယ်ဆယ်ကြပါစို့
  • တိမ်းရှောင်ပါက ဂတ်စ်၊ လျှပ်စစ်ခလုပ် မိန်းဘရိတ်ကာကို ပိတ်သွားရန်။

ဖြစ်ပွားပြီးနောက် 72နာရီအတွင်း

စိတ်နှလုံးသွင်းထားရန် 4
  • ရေ၊ စားစရာများကို စုစောင်းထားသော ပမာဏဖြင့် လုံလောက်အောင် ချွေတာ သုံးဆွဲကြပါစို့
  • ငလျင်သတင်း၊ ကြောငြာချက်များကို ရယူခြင်း・ ပြိုကျပျက်စီးနေသော အိမ်အတွင်း မဝင်ရောက်ရပါ!
  • အတင်းအဓ္ဓမ လုပ်ခြင်းကို မပြုလုပ်သင့်ပါ!
  • တစ်ဦးနှင့်တစ်ဦး အတူဖေးကူညီလိုစိတ် မွေးကြပါစို့
  • စိတ်အားတင်းထားခြင်းသည်လည်း အရေးကြီးပေသည်!

 

この記事に関するお問い合わせ先

総合政策部 地方創生課

〒886-8501
宮崎県小林市細野300番地 小林市役所 本館3階

電話番号:0984-23-1148
ファックス:0984-23-6650
お問い合わせはこちら

このページについて、皆さまのご感想をお聞かせください。
このページは見やすかったですか (必須項目)
このページの情報は役に立ちましたか (必須項目)
このページについての要望